ကျွန်တော့်အဖေကဲ့သို့
စာကြည့်ခန်းရှေ့ကြမ်းခင်းပေါ်မှ ဖုန်တက်ပြီး ပိုးလိုးပက်လက်ဖြစ်နေသော အဖေ၏ နွားကျောင်းသားဘွတ်ဖိနပ်သည် အလွန်ကြင်နာတတ်သောအဖေ့ကို အမှတ်ရ စာကြည့်ခန်းရှေ့ကြမ်းခင်းပေါ်မှ ဖုန်တက်ပြီး ပိုးလိုးပက်လက်ဖြစ်နေသော အဖေ၏ နွားကျောင်းသားဘွတ်ဖိနပ်သည် အလွန်ကြင်နာတတ်သောအဖေ့ကို အမှတ်ရ စေပါသည်။
အခြားအလုပ်များထက် အဖေသည် ငွေရောင်အလင်းတန်းကဲ့သို့ လျှင်မြန်စွာ ပြေးနိုင်သည့်ပြိုင်မြင်းများကို လေ့ကျင့်ထိန်းကျောင်းခဲ့သည်။ ခြေကားယားဖြင့် အဖေအလုပ်လုပ်နေပုံကို ကျွန်တော် တအံ့တသြ ကြည့်ကာ နှစ်ခြိုက်ပျော်ရွှင်ခဲ့ဖူးသည်။
သားတစ်ယောက်အနေဖြင့် ကြီးလာလျှင် အဖေနှင့် ချွတ်စွပ်တူချင်ခဲ့သည်။ ယခု ကျွန်တော် အသက် ၈၀ ထဲ ရောက်နေသော်လည်း အဖေ့ဘွတ်ဖိနပ်သည် ကျွန်တော်နှင့် အံဝင်ခွင်ကျ မဖြစ်ဘဲ ကြီးနေဆဲပင်။
ယခုအချိန်တွင် အဖေက ကောင်းကင်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ကျွန်တော်အတုယူရမည့် အဖေနောက်တစ်ယောက် ရှိပါသည်။ သူနှင့် ကျွန်တော်တူချင်သည်။ သူ၏ကောင်းမြတ်ခြင်း၊ သူ၏ချစ်ခြင်းရနံ့ များဖြင့် မွှေးကြိုင်ပြည့်နှက်နေချင်လှသည်။ ယခုဘ၀တွင် မည်မျှကြိုးစားစေကာမူ မမှီနိုင်ပါ။ သူ့ဘွတ်ဖိနပ်သည် ကျွန်တော့်အတွက် အလွန်ကြီးမားလှသည်။…
နူးညံ့သိမ်မွေ့ခြင်း
ဘ၀အသက်တာ၏အခက်အခဲပြဿနာများသည် ကျွန်ုပ်တို့ကို ခက်ထန်စေ၊ စိတ်ပျက်စေသော်ငြားလည်း၊ ထိုဆိုးရွားသောအပြုအမူများကို အခွင့်မပေးသင့်ပါ။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့ချစ်ရသောသူများ၏ စိတ်နှလုံးကို ညှိုးနွမ်းစေနိုင်သလို ပတ်ဝန်းကျင်ရှိ လူများကိုလည်း စိတ်ဆင်းရဲစေသောကြောင့် ဖြစ်သည်။ မိမိကိုယ်တိုင် ကောင်းမွန် တင့်တယ်စွာ မနေနိုင်သေးသ၍၊ မနှစ်မြို့ဖွယ် ဖြစ်နေသ၍ အခြားသူများအပေါ် ကျွန်ုပ်တို့ တာဝန်မကျေပွန်နိုင်ပေ။
ဓမ္မသစ်ကျမ်း၌ ဖော်ပြပါရှိသည့် မနှစ်မြို့ဖွယ် မတင့်တယ်သောအမူအကျင့်ကို ပြုပြင်ပေးမည့် ပါရမီ တစ်ပါးမှာ နူးညံ့သိမ်မွေ့ခြင်း ဖြစ်သည်။ ၎င်းသည် ကြင်နာမှုနှင့် ကျေးဇူးပြုသောစိတ်ထားကို ရည်ညွှန်းသည်။ ဧဖက် ၄း၂ တွင် ‘‘အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း’’ ရှိရန် ကျွန်ုပ်တို့ကို သတိပေးသည်။
နူးညံ့သိမ်မွေ့ခြင်း ဆိုသည်မှာ မိမိ၏ဒေါသနှင့်ပြဿနာများကို သူတစ်ပါးအပေါ် ပုံမချဘဲ အားနည်းချက်၊ ချို့ယွင်းချက်များကို လိုလားစွာ လက်ခံခြင်းဖြစ်သည်။ အသေးငယ်ဆုံးသော ၀န်ဆောင်မှုအတွက် ကျေးဇူးတင်ကြောင်းကိုပြပြီး ကောင်းစွာ ၀န်ဆောင်မှုမပေးသူများကိုလည်း…
စစ်မှန်သော စိတ်နှလုံးတည်နေရာ
ကျွန်တော်တို့ အနှစ်နှစ် အလလ မွေးထားသည့် တယ်ရီယာ ခွေးလေးတစ်ကောင်ရှိသည်။ ထိုခွေးမျိုးက သန်မာပြီး မြေတူးကာ ရန်သူကို လိုက်သည်။ ကျွန်တော်တို့၏ ခွေးမလေးက မူရင်းအမဲလိုက်ခွေးဗီဇမှ အဆက်ဆက် မျိုးစိတ်ကွဲသည့် ခွေးမျိုးဖြစ်သော်လည်း ထိုမူရင်းဗီဇက ရှိနေဆဲဖြစ်သည်။ တစ်ကြိမ်တွင် ကျွန်တော်တို့ခြံအနောက်ရှိ ကျောက်တုံး အောက်မှ ပွေးကောင်တစ်ကောင်ကို တွေ့ပြီး မည်သို့မျှ ထိန်းမရဘဲ ကျောက်တုံးအောက်သို့ အနက်ပေ အတော် များများ တူးခဲ့ဖူးသည်။
ယခု အောက်ပါမေးခွန်းကို ဆင်ခြင်ပါ။ လူသား ကျွန်တော်တို့အနေဖြင့် မည်သည့်အရာနောက်သို့ မရမက လိုက်နေသနည်း။ မည်သူမျှ မတက်ဖူးသည့်တောင်၊ မိုးထိလုသောတောင်ကမ်းပါး စသည်တို့ကို အဘယ်ကြောင့် တက်ကြသနည်း။ သဘာဝအဆီးအတား အခက်အခဲများကို အံတုလျက် အဘယ်ကြောင့် အခက်ခဲဆုံး၊ အန္တရာယ်အရှိဆုံး အလုပ်များလုပ်နေသနည်း။ အချို့က ၎င်းကို ၀ါသနာ ထုံပြီး စွန့်စားလိုစိတ်ကြောင့် ဖြစ်သော်လည်း ပေးဆပ်ရမှုက…
နောက်တစ်ခုဖြစ်ပြန်ပြီ
ကျွန်တော်တို့၏ ခြံအနောက်ရှိ ချယ်ရီပင်အိုကြီးမှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ သေတော့မည့်ပုံပေါ်လာ၍ သစ်ပင်ပြုစုကုသသူ ကျွမ်းကျင်ပညာရှင်ကို ကျွန်တော် ခေါ်လိုက်သည်။ ထိုသူက အပင်ကို စစ်ဆေးကြည့်ပြီး ၎င်းသည် ‘‘အလွန်အမင်း စိတ်ဖိစီး ခံရခြင်းကြောင့်’’ ချက်ခြင်း ဂရုစိုက်ပြုစုကုသရမည်ဟု ပြောသည်။ ကျွန်တော့်ဇနီး ကယ်ရိုလင်းက သစ်ပင်ကို ကြည့်ပြီး ‘‘နောက်တစ်ခုဖြစ်ပြန်ပြီ’’ ဟု ရေရွတ်ကာ လှည့်ထွက်သွားသည်။ ပြဿနာများ တစ်ခုပြီး တစ်ခု ဆက်တိုက်ရင်ဆိုင်ရသည့် ရက်သတ္တပတ်ဖြစ်သည်။
သားရေးသမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ငွေရေးကြေးရေး၊ ကျန်းမာရေးနှင့် ကိုယ်စိတ်ကျန်းမာ ချမ်းသာရေး စသောအရေးများဖြင့် စိုးရိမ်သောကများသော ရက်သတ္တပတ်ကို ကျွန်တော်တို့အမှန်တကယ် ကြုံရသည်။ သို့သော်လည်း အခြေအနေအရပ်ရပ်တို့ မည်သို့ပင် စိတ်အနှောင့်အယှက် ဖြစ်ပါလေစေ၊ကျွန်တော်တို့ ငြိမ်ဝပ်စွာရှိနေနိုင်ကြောင်း ‘‘ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏’’ (ယော ၁၄း၂၇)ဟု သခင်ယေရှု စိတ်ချမှုပေးခဲ့သည်။
သခင်ယေရှု၏တစ်နေ့တာသည်လည်း ပူပင်သောကနှင့်…
ဖန်ဆင်းခြင်းလက်ရာများကို ဂရုပြုထိန်းသိမ်းခြင်း
အညိုရောင် ရေချိုထရော့ငါးကြီးများ၏သဘာဝအရ ဆောင်းဦးပေါက်အချိန်၌ အသိုက်များ စဆောက်ကာ Owyhee မြစ်အတွင်း ဥချကြတော့မည်။ ရေတိမ်သော ကျောက်စရစ်ခဲများကြား၌ အသိုက်များ ရွှေ့ပြောင်းနေသည်ကို တွေ့မြင်နိုင်သည်။
အမြော်အမြင်ရှိသော တံငါသည်များက ၎င်းငါးများ ဥချကြတော့မည်ကို သိ၍ သူတို့ကို အနှောင့်အယှက်မဖြစ်အောင် သတိထားကြသည်။ ငါးဥများကို မနင်းမိအောင် ကျောက်စရစ်ခဲများပေါ် လမ်းမလျှောက်ဘဲ ရှောင်ကြသည်။ ငါးများ၏အသိုက် ပျက်စီးသွားမှာကို စိုးရိမ်ပြီး ပေါင်လယ်ခန့်မျှသာနက်သော ရေထဲတွင်ပင် ကူးဖြတ်ဆန်တက်ခြင်းလည်း မပြုလုပ်ကြပါ။ ဤထရော့ငါးကြီးများသည် တံငါသည်တို့ အနားယူ စခန်းချ သည့် အနီးဝန်းကျင်မှာပင် အသိုက်ဖွဲ့ ဥဥချကြသည်ဖြစ်၍ ၎င်းတို့ကို ဖမ်းဆီးရန် သွေးဆောင်ခံရသည့်တိုင် ဤငါးကြီး များကို သူတို့ မဖမ်း၊ မမျှားကြပါ။
ဤကြိုတင်ကာကွယ်မှုများသည် ငါးဖမ်းခြင်းနှင့်ဆိုင်သည့် ကျင့်ဝတ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော် ပို၍ နက်နဲကောင်းမြတ်သည့် အကြောင်းတရား ရှိပါသည်။
ဘုရားသခင်သည်…
ဘုရားသခင်ကို မြင်ခြင်း
စာရေးဆရာနှင့် သင်းအုပ်ဆရာဖြစ်သူ Erwin Lutzer သည် အစီအစဉ်တင်ဆက်သူ Art Linkletter နှင့် ဘုရားသခင်ပုံ ရေးဆွဲသူ သူငယ်လေးတို့၏ ရုပ်သံအစီအစဉ် တစ်ခုကို ပြန်ပြောင်းပြောခဲ့သည်။ သဘောတွေ့နေသည့် Linkletter က ‘‘ဘုရားသခင်ပုံကို ဘယ်သူမှ မမြင်ဖူးလို့ ဆွဲလို့မရဘူး’’ ဟု ပြောရာ၊ သူငယ်လေးက ‘‘ကျွန်တော်ဆွဲလို့ အောင်မြင်သွားပြီဆိုရင်တော့ လူတွေဆွဲနိုင်လိမ့်မယ်’’ ဟု ကြွေးကြော်ခဲ့သည်။
ကျွန်ုပ်တို့၏ ဘုရားရှင်သည် မည်သို့သော ဘုရားဖြစ်သနည်း၊ ကောင်းမြတ်သလား၊ ကြင်နာသလား၊ ဂရုပြုသလား စသည်ဖြင့် တွေးတတ်ကြသည်။ ထိုမေးခွန်းများ
အတွက် ရိုးရှင်းသောအဖြေမှာ ဖိလိပ္ပု၏တောင်းဆိုချက်ကို ဖြေပေးသည့် သခင်ယေရှု၏အဖြေနှင့် အတူတူပင် ဖြစ်သည်။ ‘‘သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြုတော် မူပါ’’။ ယေရှုက ‘‘ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော၊…
ဂရုစိုက်ပါ
ဂျွန် နယူတန် က ‘‘အကယ်၍ အိမ်အပြန်လမ်းတွင် ပိုက်ဆံကျပျောက်သွားသည့် ကလေး တစ်ယောက်ကို ကျွန်ုပ်တွေ့ပါက ပိုက်ဆံအစားပြန်ပေးခြင်းဖြင့် အငိုတိတ်စေ မည်။ ၎င်းက ငါတစ်ခုခု လုပ်ပေးခဲ့တာပဲဟု ခံစားရစေလိမ့်မည်။ ထို့ထက် ပိုကြီးမားသောအမှုအရာကို လုပ်ခြင်းက ကျွန်ုပ်အတွက် ၀မ်းမြောက်စရာဖြစ်သော်လည်း ဤ အသေးအဖွဲအမှုကို ကျွန်ုပ်လျစ်လျူမရှုပါ’’ ဟု ရေးသားခဲ့သည်။
ယနေ့အချိန်အခါတွင် နှစ်သိမ့်မှုကို လိုအပ်နေသူ တစ်ဦးကို ရှာတွေ့ရန်မှာ မခက်ပါ။ ဥပမာ- အခြားသူများနှင့် တွေ့ရန် အချိန်မရဘဲ အလုပ်များနေသည့် ပင်ပန်း နွမ်းနယ် နေသော စတိုးဆိုင်ငွေရှင်းကောင်တာမှ ၀န်ထမ်း၊ နေစရာအိမ်လိုအပ်နေသော ဒုက္ခသည်တစ်ဦး၊ စိုးရိမ်ပူပန်မှုများကြောင့် မျှော်လင့်ချက် ပျောက်ဆုံးနေသော မိခင်တစ်ဦး၊ ကိုယ့်ကိုယ်ကိုယ် အသုံးမ၀င်တော့ဟု ခံစားနေရသည့် ဖခင်အိုတစ်ဦး စသည်တို့ ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့ ဘာပြုရမည်နည်း။ ‘‘ဆင်းရဲသောသူကို အောက်မေ့သော သူသည်…
သင်သည် မူရင်းဖြစ်၏
ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏လက်တော်ထွက် မူရင်းများ ဖြစ်ကြသည်။ မိမိကိုယ်ကို ပြုလုပ်ဖန်တီးသော ယောက်ျားမိန်းမဟူ၍ မရှိပေ။ မိမိဘာသာ စွမ်းရည်ပြည့်ဝပြီး အရောင်အသွေး တောက်ပြောင်လာသူတစ်ဦးမျှ မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို သူကိုယ်တိုင် ပြုလုပ်ဖန်ဆင်းသည်။ ကျွန်ုပ်တို့အကြောင်း စဉ်းစားပြီး သူ၏ပြောမပြတတ်သော မေတ္တာတော်ဖြင့် ကျွန်ုပ်တို့ကို တည်ဆောက်ပုံသွင်းသည်။
သင့်ကိုယ်ခန္ဓာ၊ စိတ်နှင့် ၀ိညာဉ်တို့ကို ဘုရားသခင် ပြုလုပ်ဖန်ဆင်းသည်။ သင့်ကို ပြုလုပ်ပြီးစီးသွားပြီ မဟုတ်ပါ။ ကိုယ်တော်သည် သင့်ကို ပြုလုပ်ပုံသွင်းနေဆဲဖြစ်သည်။ ကိုယ်တော့်စိတ်ထဲရှိသည့် တစ်ခုတည်းသော ရည်ရွယ်ချက် မှာ ကျွန်ုပ်တို့ အရွယ်ရောက် ရင့်ကျက် ပြီးပြည့်စုံရန်အတွက် ဖြစ်သည်။ ‘‘သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော် မူသောသူသည် ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက် ပြုတော်မူမည်ဟု ငါသဘောကျ၏’’ (ဖိ ၁း၆)။ သင်အမြဲတစေ လိုလားသော၊ သင်ဖြစ်ချင်သည့် လူစားမျိုးဖြစ်လာအောင်…
အဘခမည်းတော်၏ မျက်နှာတော်
ကျွန်တော့်အဖေ၏မျက်နှာကို ဖတ်ရန် ခက်လှသည်။ သူသည် သဘောကောင်းသူ ဖြစ်သော်လည်း ခံစားချက်မဲ့လျက် သူတစ်ပါး၏အကူအညီကိုမယူ၊ ဘာသိဘာသာ နေတတ်သူဖြစ်သည်။ ကျွန်တော်ငယ်စဉ်ကဆိုလျှင် အပြုံးနှင့် မေတ္တာ အရိပ်အယောင်ကို အဖေ့မျက်နှာ၌ ရှာမိသည်။ မိမိ မည်သူမည်ဝါဖြစ်သည်ကို မျက်နှာက ပြောနေသည်။ မျက်မှောင် ကြုတ်ခြင်း၊ စူပုပ်သောအကြည့်၊ အပြုံးမျက်နှာနှင့် အရေးအကြောင်း ထင်နေသော မျက်လုံးများက သူတစ်ပါး အပေါ် ကျွန်တော်တို့၏စိတ်သဘော မည်သို့ရှိသည်ကို ဖော်ပြ နေသည်။ ကျွန်တော်တို့၏မျက်နှာသည် ကျွန်တော်တို့၏ အကြောင်းကို ထင်ဟပ်ပြနေသည်။
ဆာလံ ၈၀ ကို ရေးခဲ့သူ အာသပ်သည် အလွန်အမင်း တုန်လှုပ်ချောက်ခြားနေပြီး ဘုရားမျက်နှာတော်ကို မြင်လို သည်။ သူ၏နန်းရင်ပြင်မှ မြောက်အရပ်ရှိ ယေရုရှလင်မြို့သို့ မျှော်ကြည့်လျက် ယုဒပြည်၏ညီအစ်မတိုင်းပြည် ဣသရေလသည် ဆီးရီးယားအင်ပါယာကြီး၏ တိုက်ခိုက်မှုအောက်တွင် လဲပြိုလေပြီ။ ကြားခံနိုင်ငံကျသွား၍ ယုဒပြည်သည် မြောက်ဘက်မှ ဆီးရီယား၊…
အပြစ်လွှတ်ခြင်း ခံရပြီ
ကျွန်တော့်သူငယ်ချင်း နောမ်ခွတ်(Norm Cook) သည် တစ်ခါတစ်ရံ၌ သူ၏မိသားစု ကို အံ့အားသင့်အောင် လုပ်တတ်သည်။ အလုပ်မှပြန်လာပြီး အိမ်ရှေ့တံခါးမှ ၀င်လာရင်း “သင်အပြစ်ကို ခွင့်လွှတ်ပြီ” ဟု အော်တတ်သည်။ ထိုသို့လုပ်ခြင်းမှာ သူ့မိသားစုက သူ့အပေါ် အမှားလုပ်ထား၍ ခွင့်လွှတ်မှုကို လိုအပ်ခြင်းကြောင့် မဟုတ်ပါ။ မိသားစုဝင် များသည် တစ်နေ့တာအတွင်း အမှားနှင့်မကင်းနိုင်သဖြင့် ခရစ်တော်၏ကျေးဇူးတော်ကြောင့် အကြွင်းမဲ့ ခွင့်လွှတ်ခြင်း လုံးဝခံရပြီ ဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။
ရှင်ယောဟန်က ထိုကျေးဇူးတော်အကြောင်းကို ဤသို့ ရေးသားခဲ့သည်။ “ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုယ်ကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကို ဖော်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍…